Events
အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီ အစည်းအဝေး ကျင်းပခြင်း
Updated At: 2024-04-11 14:20:28

အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီ၏ ၂/၂၀၂၄ ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၄ ခုနှစ် ဧပြီလ ၁၀ ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၃)၊ နေပြည်တော်တွင် ကျင်းပခဲ့ပါသည်။ အစည်းအဝေး သို့ အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန၂ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ အတွင်းရေးမှူး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ အမျိုးသားပို့ကုန်မဟာဗျူဟာ ကဏ္ဍအလိုက် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေး ကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကား ပြောကြားရာတွင် အမျိုးသားပို့ကုန် မဟာဗျူဟာ ဒုတိယအဆင့်ဖြစ်သော ၂၀၂၀-၂၀၂၅ ကာလအတွက် ကဏ္ဍ (၁၈) ခုကို ထိရောက်စွာ အကောင် အထည်ဖော်ရန် အစိုးရ-ပုဂ္ဂလိကပို့ကုန်မြှင့်တင်ရေးကော်မတီက ဆက်လက်ကြိုးပမ်း ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ကဏ္ဍအလိုက် ဖွဲ့စည်းထားသည့် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီများ ကျစ်လစ်စွာ ပြန်လည်ဖွဲ့စည်းရေး၊ ကဏ္ဍအလိုက် လုပ်ငန်းစီမံချက်များအနက် လက်တွေ့ လျင်မြန်စွာ အကျိုးဖြစ်ထွန်းနိုင်မည့် လုပ်ငန်းစဉ်များ (Quick Win) ရွေးချယ် ဆောင်ရွက်နိုင်ရေးတို့ကို ဦးစွာဆောင်ရွက်ထားရှိပြီး အကောင်အထည်ဖော်ကြရမှာ ဖြစ် ကြောင်း၊ ဦးစားပေးရွေးချယ်ဆောင်ရွက်မည့်လုပ်ငန်းများက ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးကို အချိန်တိုအတွင်း အထောက်အကူပြုနိုင်မည့်လုပ်ငန်းများဖြစ်ရန်လည်း လိုအပ်ပါကြောင်း၊ အထောက်အကူပြု ကဏ္ဍများ၏ ပံ့ပိုးပေးနိုင်မှုများကလည်း ပို့ကုန်တင်ပို့မှု လွယ်ကူချောမွေ့ စေရေးအတွက် လွန်စွာအရေးပါသည့် လုပ်ငန်းစဉ်များဖြစ်သဖြင့် ဟန်ချက်ညီစွာ ဆောင်ရွက် ကြရန်ဖြစ်ပါကြောင်း စသည်ဖြင့် ဆွေးနွေးမှာကြားပါသည်။
ဆက်လက်၍ ကော်မတီ တွဲဘက်အတွင်းရေးမှူး-၁ ဖြစ်သူ မြန်မာကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က အမျိုးသားပို့ကုန်မဟာဗျူဟာ ကဏ္ဍအလိုက်ကော်မတီ များပြန်လည်ဖွဲ့စည်းမှုပိုင်းနှင့် လုပ်ငန်းစီမံချက်များ ပြင်ဆင်ရေးဆွဲမှုများကို အကျဉ်းချုပ် ရှင်းလင်းတင်ပြပါသည်။
ဆက်လက်၍ ကဏ္ဍအလိုက်ကော်မတီဥက္ကဌများက သက်ဆိုင်ရာကဏ္ဍများအလိုက် ကော်မတီများပြန်လည်ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်းစီမံချက်များ ပြင်ဆင်ရေးဆွဲဆောင်ရွက် ထားမှုများ၊ ဦးစားပေးဆောင်ရွက်မည့်လုပ်ငန်းများ ရွေးချယ်ထားရှိမှုများကို ရှင်းလင်း တင်ပြကြပါသည်။ ရှင်းလင်းတင်ပြချက်များအပေါ် အမျိုးသားပို့ကုန်မဟာဗျူဟာ အစိုးရ-ပုဂ္ဂလိက ပို့ကုန်မြှင့်တင်ရေးကော်မတီအဖွဲ့ဝင်များက ပြန်လည်သုံးသပ်ဆွေးနွေးကြပါသည်။
ဆွေးနွေးတင်ပြမှုများအပေါ် ပို့ကုန်မြှင့်တင်ရေးကော်မတီ ဥက္ကဋ္ဌက ဖြည့်စွက်ဆွေးနွေးပြီး ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ လမ်းညွှန်မှာကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။
More Events
The 21st Malaysia International Halal Showcase 2025 ပြပွဲ ကျင်းပမည်
Date: 17th to 20th September, 2025
ASEAN-Korea Startup Innovation Week 2025 ပြပွဲ ကျင်းပမည်
Date: 20th to 24th October, 2025